Android ဖုန်းတွေမှာ ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် အချက်လေးတွေ
ကိုယ့်ရဲ့ Android ဖုန်းတွေမှာ နောက်ဆုံးပေါ်ဂိမ်းတွေကို ဆော့ကစားတဲ့အခါ အနည်းနဲ့အများတော့ နှေးနေတာကို သတိထားမိမှာပါ။ ဖုန်းအဟောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် စမတ်ဖုန်းတက်ဘလက်အသစ်တစ်ချို့မှာတောင် နှေးတတ်ပါတယ်။ ဒီတော့ ဂိမ်းကစားတဲ့အခါ ပိုမြန်သွားစေမယ့် ဂိမ်းစွမ်းဆောင်ရည်ကိုမြှင့်ပေးနိုင်မယ့် အချက်ကလေးတွေကို ပြောပြပေးသွားပါမယ်။
Booster Apps
ဂိမ်းရဲ့စွမ်းဆောင်ရည်ကိုမြှင့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက Booster app တွေကို သုံးဖို့ပါ။ သုံးလိုက်ရုံနဲ့ သိသိသာသာကွာသွားတာတွေ့ရပါလိမ့်မယ်။ Android ဗားရှင်းအမြင့်တွေမှာဆို RAM ကိုရှင်းပေးတဲ့ Tool တစ်ခုပါပြိးတော့ hard drive ပေါ်မှာရှိတာတွေအကုန်ရှင်းပေးသွားပါတယ်။ ဒါမျိုးတွေကတော့ တခြား third-party app တွေဘာမှသွင်းစရာမလိုဘဲ စွမ်းဆောင်ရည်အော်တိုမြန်အောင်လုပ်ပေးထားတာပါ။ Booster app တွေထဲမှာမှ နာမည်အကြီးဆုံး app ကတော့ Dr. Booster ပါ။
Developer Options ကိုပြောင်းပါ။
သာမန်လူတွေ access လုပ်လို့မရတဲ့ App developer တွေပဲရတဲ့ tools တွေအများကြီးပါပဲ။ အဲ့ထဲမှာ ဂိမ်းရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးရောက်အောင် လုပ်ပေးနိုင်တာတွေလည်း ပါတဲ့အတွက် ပြောင်းချင်ရင် developer အနေနဲ့သွားဖို့ Develper options ကိုရွေးပေးရပါမယ်။ developer ဆိုလို့ ကုဒ်တွေရရမယ်ဆိုတာမဟုတ်ပါဘူး။ Setting –> “About Device” ကနေ အောက်ဆုံးထိဆွဲချပြီး “Build Number” ဆိုတာလေးကိုတွေ့ပါလိမ့်မယ်။ ၇ကြိမ်လောက် နှိပ်ပြီးသွားရင် developer ဖြစ်ပါပြီ။ “Force 4x MSAA” ဆိုတာကိုရွေးလိုက်ရင်တော့ ရှိသမျှဂိမ်းအကုန်လုံးကို အမြန်ဆုံးနှုန်းနဲ့ဆော့လို့ရပါပြီ။
သူ့ရဲ့အားနည်းချက်ကတော့ ဘက်ထရီကုန်အရမ်းမြန်တာပါ။ ဆော့ပြီးသွားပြီဆိုရင်တော့ အားချွေတာတဲ့အနေနဲ့ ပြန်ပိတ်ထားပါ။
အကုန်လုံးကို Update လုပ်ပါ။
ဖုန်းကို update အမြဲလုပ်နေမယ်ဆိုရင် tools တွေ options တွေလည်း access လုပ်လို့ရနိုင်ပြီး လုံခြုံမှုအပိုင်းရော အမြန်နှုန်းပိုင်းမှာပါ ပိုကောင်းလာပါလိမ့်မယ်။ App တွေက တစ်ခါ update ထွက်ရင် coding ပိုပိုကောင်းလာတဲ့အတွက် update လုပ်ပေးသင့်ပါတယ်။ Android ဗားရှင်းတွေလည်း တူတူပါပဲ။ အရင်ဗားရှင်းတွေထက် နောက်ဗားရှင်းတွေက ပိုမြန်တာကြောင့် update လုပ်ပေးပါ။
မြန်ဆန်တဲ့ Memory Card များ
တကယ်လို့ app ကို မမ်မိုရီကဒ်ပေါ်မှာသိမ်းထားမယ်ဆိုရင်တော့ မြန်တဲ့မမ်မိုရီကဒ်တွေကို သုံးလို့ရပါတယ်။ မမ်မိုရီကဒ်တွေမှာ C2, C4, C6 နဲ့ C10 ဆိုပြီး အမြန်နှုန်း ၄မျိုးရှိပြီး တစ်စက္ကန့်မှာ ဘယ်လောက် megabyte ဒေတာပေးပို့နိုင်လဲဆိုတာကိုဖော်ပြပါတယ်။ ဥပမာ C6 ဆိုရင် တစ်စက္ကန့်ကို 6 megabytes, C2 ဆိုရင် တစ်စက္ကန့်ကို 2 megabyte ပါ။ အမြန်ဆုံးကိုမှလိုချင်တယ်ဆိုရင်တော့ C10 microSD ကဒ်တွေကိုသုံးတာအကောင်းဆုံးပါပဲ။ အရမ်းကြီးဈေးကြီးတဲ့ထဲလည်း မပါသလို တစ်မျိုးနဲ့တစ်မျိုးလည်း ဈေးဘယ်လောက်မှသိပ်မကွာပါဘူး။
ဒီတော့ ကိုယ့်ဖုန်းကအသစ်စက်စက်လည်းမဟုတ်ဘူး ခေတ်ပေါ်ဂိမ်းတွေကိုလည်းမြန်မြန်ကစားချင်တယ်ဆိုရင် ဒီအချက်လေးတွေသိထားမှသာ အရင်ကထက်ပိုမြန်မြန်ဆော့နိုင်မှာ အသေအချာပါပဲ။
No comments:
Post a Comment